"၁၅၀၀ အချစ်" နဲ့ " ၅၂၈ မေတ္တာ" ဆိုတာ

အချစ်အကြောင်း ပြောကြမယ်ဆိုရင် ကျွန်တော်တို့ မြန်မာလူမျိုး အများစုက "၁၅၀၀ အချစ်" နဲ့ " ၅၂၈ မေတ္တာ" ဆိုပြီး နှစ်မျိုးခွဲပြောလေ့ရှိကြတယ်။ သမီးရည်းစား အချစ်ကို "၁၅၀၀ အချစ်"၊ ပူလောင်ပြင်းပြတဲ့ အချစ်လို့ ပြောပြီး မိဘတွေရဲ့ သားသမီး အပေါ်ချစ်တဲ့ အချစ်ကိုတော့ " ၅၂၈ မေတ္တာ" ၊ အေးမြချမ်းမြေ့ တဲ့ချစ်ခြင်း မေတ္တာဆိုပြီး ယူဆ ပြောဆိုလေ့ရှိပါတယ်။ ဘာလို့(၁၅၀၀) ရှိနေရတာလဲ၊ (၅၂၈) ဆိုတာကတော ဘာလို့ဖြစ်လာရတာလဲ။ ပူလောင်တဲ့ အချစ်မို့ ၁၅၀၀ ရှိတာ... ထားပါတော့.... အေးမြတဲ့ မေတ္တာကျမှ ဘာလို့ ၅၂၈ ဆိုပြီး ကိုးလို့ကန့်လန့် လာဖြစ်နေရတာလဲ ၅၀၀ ဆိုပြီးရှိနေရင် ပိုတောင် အေးမလားလို့လေ၊ နောက် အစွန်းထွက် ဂဏန်းလည်း မရှုပ်ဘူး၊ သူငယချင်းတို့ရော ဘယ်လို့ထင်လဲ မထင်မှတ်ဘဲ ၁၅၀၀/ ၅၂၈ ဆိုတဲ့ ဂဏန်းတွေ ဘာလို့ အဲလို့ ဖြစ်နေရတာလဲ ဆိုတာကို ဆရာမ " ဂျူး" ရေးတဲ့ " မျှော်လင့်ချက်နှင့် အခြားမျက်နှာ ဖုံးဆောင်းပါးများ" စာအုပ်လေး ဖတ်လိုက်ရမှ အဖြေထွက်သွားတယ်။ အဲဒီ ၁၅၀၀ နဲ့ ၅၂၈ ဂဏန်းတွေ ဘယ်လိုပ ရလာသလဲ ဆိုရင်တော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။
၁၅၀၀ အချစ်( သမီးရည်းစား အချစ်)
ကိလေသာဆယ်ပါးပို အခြေခံတယ်။ အဲဒီ ကိလေသာစိတ် (၁၀)ပါးကတော့ အောင်ပါ အတိုင်းဖြစ်ပါတယ်-
ကိလေသာစိတ် (၁၀)ပါး
၁။ လောဘ( တပ်မက်ခြင်း) ၂။ ဒေါသ (ကြမ်းတမ်းခြင်း) ၃။ မောဟ (တွေဝေခြင်း) ၄။ မာန (ထောင်လွှားခြင်း) ၅။ ဒိဋ္ဌိ (မှားသော နှလုံးသွင်းခြင်း၊ အယူရှိခြင်း) ၆။ ဝိစိကိစၦာ (အာရုံကို မဆုံးဖြတ်နိုင်ခြင်း) ၇။ ထိန (စိတ်၏ မခန့်ခြင်း) ၈။ ဥဒစ္စ (စိတ်၏ မငြိမ်သက်ခြင်း၊ အယူရှိခြင်း) ၉။ အဟီရီက (ကာယဒုစရိုက် ပြုရခြင်း၌ မရှက်ခြင်း) ၁၀။ အနောတ္တပ္ပ (ကာယဒုစရိုက် ပြုရခြင်း၌ မလန့်ခြင်း) အဲဒီ ကိလေသာ (၁၀)ပါးကို ရုပ် စုစုပေါင်းနဲ့မြှောက်ရပါတယ်။
(အဘိဓမ္မတ္ထသင်္ဂဟာပါဌ် သမုစ္စည်းပိုင်း)
ရုပ်စုစုပေါင်းဆိုတာက-
လက္ခဏာရုပ်(၄)ခု + နိပ္ဖန္နရုပ် (၁၈) + ခု ( စိတ်အားလုံးကို (၁)ပါးယူပါ။ စေတသိတ် (၅၂)ပါး )=နာမ် (၅၃) ပါး ပေါင်းလိုက်ရင် (၇၅) ရပါတယ်။
အဲဒီ ရုပ်စုစု ပေါင်း (ရ၅) ကို ကိလေသာ (၁၀)ပါး နဲ့မြှောက်တော့ ၇၅၀ ဖြစ်ပါတယ်။ အဲဒီ မှာ အဇ္ဈတ္တ သဏ္႑ာန်၊ ဗဟိဒ္ဓ သဏ္႑ာန် ရယ်လို့ နှစ်ပါးရှိတဲ့ အတွက် (၂) နဲ့ ထပ်မြှောက်တော့ ၁၅၀၀ ရတာပါပဲ။ အတို ကောက်ကတော့ ဒီလိုလေးပါ -( ကိလေသာ(၁၀)ပါး × ရုပ်စုစုပေါင်း (၇၅) × ၂= ၁၅၀၀ အချစ်။
၅၂၈ မေတ္တာ (မိဘာတို့၏ အချစ်)
၅၂၈ မေတ္တာ (မိဘာတို့၏ အချစ်)ဆိုတဲ့အတိုင်း မေတ္တာပို့ရာမှာရှိသင့်ရှိအပ်တဲ့ စိတ်သဘောဝ တစ်ခုပါပဲ။ မေတ္တာပို့ရာမှာ ပုဂ္ဂိုလ် (၁၂) ယောက်ကို ပို့ပါတယ်။ အဲဒါတွေကတော့ (၁) သဗေ္ဗသတ္တာ၊ (၂) သဗေ္ဗပါဏာ၊ (၃) သဗေ္ဗဘူတာ၊(၄) သဗေ္ဗပုဂ္ဂလာ၊ (၅) သဗေ္ဗအတ္တဘာဝ ပရိယပ္ပန္န၊ (၆) သဗေ္ဗကိ္ကထိယော၊ (၇) သဗေ္ဗပုရိသာ၊ (၈) သဗေ္ဗအရိယာ၊ (၉) သဗေ္ဗအနရိယာ၊ (၁၀) သဗေ္ဗဒေဝါ၊ (၁၁) သဗေ္ဗမနုဿာ၊ (၁၂) သဗေ္ဗဝိနိပါနိကာ တို့ဖြစ်ပါတယ်။
အဲဒီ ပုဂိ္ဂုလ် (၁၂)ပါးကို မေတ္တာ(၄)ပါး ပို့ပါတယ်၊ "အဝေရာဟောနု္တ၊ အဗျာဘစာၦဟောနု္တ၊ အနီဃာ ဟောနု္တ၊ သုခိအတ္တာနံ ပရိဟရနု္တ၊" တဲ့ . . .၊ ဒီတော့ ( ၁၂ x ၄ = ၄၈ ရပါမယ်)။ ဒါက အရပ်မျက်နှာ အမည်မတပ်ဘဲ (မရည်မှန်းဘဲ) ပို့တဲ့ "အနောဒိတ္တာ" မေတ္တာအပါး လို့ ဆိုပါတော့ ။ အဲဒါကိုမှ ထပ်ပြီး အရပ်မျက်နှာတွေနဲ့ အမည်တပ်ပြီး ထပ်ပို့ပါတယ်၊ အရပ် (၁၀)မျက်နှာ ရှိပါတယ် -
- အရှေ့၊ အနောက်၊ တောင်၊ မြောက် ဆိုတဲ့ အရပ် (၄) မျက်နှာ။
- အရှေ့တောင်၊ အနောက်မြောက် ဆို့တဲ့ ထောင့် (၄) မျက်နှာ။
- အထက်နဲ့ အောက် (၂) မျက်နှာ ။
အဲဒီ အရပ်မျက်နှာတပ် ရည်မှန်းမှု့(၁၀)ခု နဲ့ စောစောက (၄၈) ကို မြောက်လိုက်တော့ (၄၈၀) ရပါတယ်၊ အဲဒီ ရလာတဲ့ (၄၈၀)ကိုမှ ပထမဆုံး မရည်မှန်းဘဲ ပို့ထားတဲ့ မေတ္တာအပါး (၄၈)ပါးကို ထပ်ပေါင်းကြည့် လိုက်တော့ (၅၂၈) ရယ်လို့ ဖြစ်လာပါတယ်။ အတိုကောက် ကတော့ ဒီလိုလေးပါ -
ပုဂိ္ဂုလ် (၁၂) ယောက် x မေတ္တာ(၄)ပါး = ၄၈ [မရည်မှန်းဘဲ ပို့သော မေတ္တာအပါး]
(၄၈ x အရပ် (၁၀) မျက်နှာ ) + ၄၈ [မရည်မှန်းဘဲ ပို့သော မေတ္တာအပါး] = ၅၂၈ မေတ္တာ
၁၅၀၀ အချစ်နဲ့ ၅၂၈ ကိုတော့ သိပါပြီး၊ ဒါပေမယ့် သယ်သူတွေမှာများ(၅၂၈) မေတ္တာကို ထားနိုင်မလဲ မသိတော့ပါ။ မိဘတွေအနေနဲ့သားသမီးတွေကို ချစ်တဲ့ အချစ်ဟာ (၅၂၈)လို့ မသေရှာပါဘူး (မဟုတ်ဖို့များပါတယ်)။ ဘာဖြစ်လို့လဲ ဆိုတော့ (၅၂၈) ဟာ အရမ်းမြင့်မြတ်လွန်း နေလို့ပါ။ ဆရာမ " ဂျူ" ကတော့ (၅၂၈) မေတ္တာရဲ့ သဘာဝ ကို မြတ်စွာဘုရားက တပည့်သာဝက ရဟန်းတွေ အပေါ်ထားတဲ့ မေတ္တာမှာပဲ တွေ့ရတယ်လို့ထားပါတယ်။ Source: ကို ဧသိမ်း လေထန်ကုန်း ရေးသားသူ မိုက်ခဲလေး မေတ္တာဖြင့် ဝေမျှသူ အနိုင်းမဲ့ စာတိုပေးစများ အချစ်ကြောင်း ပြောကြမယ်ဆိုရင် ကျွန်တော်တို့ မြန်မာလူမျိုး အများစုက "၁၅၀၀ အချစ်" နဲ့ " ၅၂၈ မေတ္တာ" ဆိုပြီး နှစ်မျိုး ခွဲပြောလေ့ရှိတယ်
မေတ္တာဖြင့် ၀င်းလှိုင်(နည်းပညာ) English လေ့လာရန် ..။
Ref: အဘိဓမ္မတ္ထသင်္ဂဟာပါဌ်
Ref: ၀င်းလှိုင်နည်းပညာ

Comments

Popular posts from this blog

Myanmar Unicode Keyboard Layout

BIOS မှာ password ခံထားရင် ဖြုတ်ရန်