Posts

Showing posts from 2017

ခေတ္တ မဲဇာ

စားပွဲပေါ်မှ ဂျာနယ်ကို ရှေ့မှ နောက် နောက်မှ ရှေ့သို့ အခေါက်ခေါက် အခါခါ လှန်နေမိတယ်. . . . ခြေရာကောက်မရတဲ့. . . စိတ်တွေ ဖမ်းရခတ်တယ်လေ, . . . . . ခြောက်တိခြောက်ကပ်နိုင်လှသော ပတ်ဝန်းကျင်ကြောင့်လား, . . .  ဆောင်းလေ အေးအေးကြောင့်မို့လား. . . . ချစ်ရသူ သူငယ်ချင်းများ အနားမှာ မရှိလို့လား, . . . . . .. တကယ်တော့. . . ခြောက်တိခြောက်ကပ်ဖြစ်နေတဲ့ ဆောင်းတွင်း မနက်တစ်ခုမှာ. . . . . ဖုန်း အိမ်မှာမေ့ကျန်ခဲ့တာ. . . . .

မျဉ်းကျား..........

Image
ဆရာကြီး မျဉ်းကျားက ကူးနော်၊ မြေနီကုန်း မီးပွိုင့်မှာ ဖမ်းနေတယ် သူပြန်တိုင်းမှာကြတဲ့ စကားလေးပါ။ ဆရာကြီးကလဲ “အေး အေး” တစ်ခါက ဒီအတိုင်းဖြတ်မိလို့ ဖမ်းမယ် လုပ်ပြီးမှ “အသက်ကြီးလို့ လွှတ်လိုက်မယ်၊ နောက်တစ်ခါဆို မရဘူးနော်” လို့ပြောလိုက်တယ် လို့ ပြောပြဖူးပါတယ်။ တနေ့မှာတော့ သူက အရင်ထပြန်သွားပြီး ကျွန်မတို့ အပြန်မှာ ဆရာကြီး လမ်းဖြတ်ကူးလို့ ရဲက ဖမ်းသွားပြီလို့ လက်ဖက်ရည်ဆိုင်က လိုက်ပြီးပြောပါတယ်။ ကျွန်မလည်း “ဆရာကြီး ခင်မျာ ဒဏ်ငွေဆောင်ဖို့ ပိုက်ဆံပါရဲ့လား မသိဘူး၊ လိုက်ကြည့် ကြပါဦး” လို့ လူငယ်တွေကို ပြောရပါတယ်။ ဆရာကြီးကို မတွေ့ ဘူးဆိုလို့ စိတ်ပူကြရပါသေးတယ်။ နောက်တစ်ပတ်ရောက်လာတဲ့ အခါမှာတော့ “ကိုယ့်မှာ တစ်ထောင်ပဲ ပါတယ်” ပြောတော့ “ရှိတာပေးခဲ့ပြီးကျန်တဲ့ငွေကို ညနေကျ လာပေးလှည့်ပါ၊ ဖြတ်ပိုင်းပေးမယ်လို့” ပြောတယ်၊ ဒါနဲ့ ဒီလမ်းထဲကို လိုက်ခဲ့၊ ငါ့ဘော်ဒါတွေ ရှိတယ်ဆိုပြီး ခေါ်လာတယ်။ (တကယ်တော့ လူစုကွဲသွားပြီ) ဒီကိုတောင် မရောက်ပါဘူး “တော်ပါပြီ အန်ကယ်ကြီးကို မဖမ်းတော့ပါဘူး၊ သွားပါတော့” ဆိုပြီး လှည့်ပြန်သွားလေရဲ့ လို့ ပြောပြတော့ အားလုံး ရယ်မောကြပါတယ်။ ပြန်ခါနီးတိုင်း “ဆရာက

အမှတ်မထင် တွေ့ခဲ့ဖူးသော ကမ္ဘာ

Image
ကွန်ပျူတာအခြေခံသင်တန်း တတ်ပြီးခါစ ကပေါ့ သူငယ်ချင်း မွေးနေ့ကို ရောက်တော့ သူ့မွေးနေ့မှာ ရေးချင်တာလေးတွေ ကွန်ပျူတာနဲ့ စာစီပြီး print ထုတ်ပေးချင်တယ် (တတ်သလောက် မှတ်သလောက်လေးနဲ့ သူငယ်ချင်းကို ပျော်စေချင်လို့) ဒီလိုနဲ့ Victoria ကုန်တိုက်မှာ ဖွင့်ထားတဲ့ Interent သုံးတဲ့ဆိုင်သို့ မယောင်မလည် ရောက်လာတယ် တစ်နာရီကို ဘယ်လောက်၊ ပြီးတော့ စာရွက်ထုတ်ရင် ဘယ်လောက်၊ ကာလာနဲ့ ဆိုဘယ်လောက် ကောင်တာက ကောင်မလေးက ပြောတော့ …… ကာလာနဲ့ print ထုတ်မယ် စက်နံပါတ် ဘယ်လောက်မှာ သုံးလိုရပြီးဆိုတော့ စသုံးတယ်…….. Internet ဆိုတာ ဘာရယ်လို သေချာ မသိသေးဘူး……… သူငယ်ချင်းမွေးနေ့အတွက် စာရိုက်တယ် ကာလာတွေနဲ့ အလှဆင်တယ်……… အချိန်က ပိုနေသေးတယ် …….. အဲ့ဒါနဲ့ တွေ့ကရာတွေ လိုက်နှိတ်တယ်……… သီချင်းဖွင့်တယ် နားထောင်တယ် (တစ်ခါတလေမှာ တစ်ယောက်တည်းနဲ့ တနေ့ကုန် စုန်ချည်း ဆန်ချည်း လှုပ်ရှားနေ……………………သီချင်းကလဲ အဲ့ဒါတစ်ပုဒ်တည်းထပ်ခါထပ်ခါ ) ဒါပေမဲ့ နားထောင်ကောင်းတယ် မပိတ်ဘူး ဆက်နားထောင်တယ်…… ဒီလိုနဲ့ ဘယ်တစ်ခုကို နှိတ်လိုက်တယ်မသိဘူး ကမ္ဘာလုံးကြီး လည်ပြီးထွက်လာတယ်……. ဟာမိုက်တယ် … ရှာလို့ရတဲ့ နေရာတွေ့တော့ ဘယ်ရမလဲ Myanmar ဆို

Myanmar Unicode Keyboard Layout

Image
Myanmar Unicode Keyboard Layout နှင့် စာရိုက်နည်း "​ေ" ရှေ့က ရိုက်ရသော keyboard များတွင် "​ေ" အရင် ရိုက်ရပြီး တခြားစာရိုက်နည်းများမှာ ပုံပါအတိုင်းဖြစ်သည် Credit www.facebook.com/CTandCS