မျဉ်းကျား..........
ဆရာကြီး မျဉ်းကျားက ကူးနော်၊ မြေနီကုန်း မီးပွိုင့်မှာ ဖမ်းနေတယ်
သူပြန်တိုင်းမှာကြတဲ့ စကားလေးပါ။
ဆရာကြီးကလဲ “အေး အေး”
တစ်ခါက ဒီအတိုင်းဖြတ်မိလို့ ဖမ်းမယ် လုပ်ပြီးမှ
“အသက်ကြီးလို့ လွှတ်လိုက်မယ်၊ နောက်တစ်ခါဆို မရဘူးနော်”
လို့ပြောလိုက်တယ် လို့ ပြောပြဖူးပါတယ်။
တနေ့မှာတော့ သူက အရင်ထပြန်သွားပြီး ကျွန်မတို့ အပြန်မှာ ဆရာကြီး လမ်းဖြတ်ကူးလို့ ရဲက ဖမ်းသွားပြီလို့ လက်ဖက်ရည်ဆိုင်က လိုက်ပြီးပြောပါတယ်။
ကျွန်မလည်း “ဆရာကြီး ခင်မျာ ဒဏ်ငွေဆောင်ဖို့ ပိုက်ဆံပါရဲ့လား မသိဘူး၊ လိုက်ကြည့် ကြပါဦး” လို့
လူငယ်တွေကို ပြောရပါတယ်။ ဆရာကြီးကို မတွေ့ ဘူးဆိုလို့ စိတ်ပူကြရပါသေးတယ်။ နောက်တစ်ပတ်ရောက်လာတဲ့ အခါမှာတော့
“ကိုယ့်မှာ တစ်ထောင်ပဲ ပါတယ်” ပြောတော့
“ရှိတာပေးခဲ့ပြီးကျန်တဲ့ငွေကို ညနေကျ လာပေးလှည့်ပါ၊ ဖြတ်ပိုင်းပေးမယ်လို့” ပြောတယ်၊
ဒါနဲ့ ဒီလမ်းထဲကို လိုက်ခဲ့၊ ငါ့ဘော်ဒါတွေ ရှိတယ်ဆိုပြီး ခေါ်လာတယ်။
(တကယ်တော့ လူစုကွဲသွားပြီ) ဒီကိုတောင် မရောက်ပါဘူး
“တော်ပါပြီ အန်ကယ်ကြီးကို မဖမ်းတော့ပါဘူး၊ သွားပါတော့”
ဆိုပြီး လှည့်ပြန်သွားလေရဲ့ လို့ ပြောပြတော့ အားလုံး ရယ်မောကြပါတယ်။ ပြန်ခါနီးတိုင်း
“ဆရာကြီး မျဉ်းကျားနော် မျဉ်းကျား” လို့ သတိပေးကြရပါတယ်။
(ဆရာမ ခင်စောတင့် ရေးတဲ့ ဘ၀ရဲ့ စည်းမျဉ်များ စာအုပ်မှ (၂၃။ ဟာသရသရှိပါ။) ကိုဖတ်နေရင်းက
ဒုတိယနှစ် တတ်နေတုန်း
မြို့ထဲမီးပွိုင့် များတွင် မျဉ်းကျားမကူးလို့ အဖမ်းခံရရင် ဒဏ်ငွေဆောင်ရတယ် ပြီးတော့ video တစ်ကားပြီးမှ ပြန်ရတယ် လို့ အတန်းဖော် တွေပြောတယ်....
တစ်ရက်တော့ …..
သူငယ်ချင်းတွေထဲက တစ်ယောက်...
ယာဉ်ထိန်းရဲ ကားပေါ်ပါသွားပြီလို့ တွေ့လိုက်သော ကျောင်းသူများမှ သတင်းရပါတယ်..
ဒါဆို သွားပါပြီး ဒင်းတော့ ဒဏ်ငွေဆောင်ပြီး video ကြည့်ရတော့မှာပေါ့........ :P (အဲနေ့က အတန်းလစ်ပြီး ရွှေပြည်သာ သူငယ်ချင်း အိမ်ကို သွားမလို့ပါ)
ပြောနေတုန်း သူအတန်းထဲကို ၀င်လာတော့
“ဟေ့ ….... မင်းကို မော်တော်ပီကယ်ဖမ်းသွားတယ်ဆို ဟိုကောင်မလေးတွေ ပြောတာ”
“အေး...ဟုတ်တယ်ဟ”
“ဒါဆို မြန်လိုက်တာ.... မင်း video မကြည့်ခဲ့ရဘူးလား” (၀မ်းသာအားရ နုတ်ခွန်းဆက်တာ :P)
“အေးဟ ဒါဏ်ကြေး မပေးဆောင်ခဲ့ရသလို …... video လဲ မကြည့်ခဲ့ရဘူးလေ”
ကျောင်းသားကဒ်ကို ပြပြီး
“သမီးမှာ ပိုက်ဆံလဲ ခရီးစရိတ်နဲ့ အပိုနည်းနည်းပဲ ပါတာ ပြီးတော့ tutorial ဖြေရမှာ မို့ အရေးကြီးလို့ပါ”
ပြောလို့ လွှတ်ပေးလိုက်တာ ….....ဟ
“ငါ ကျောင်းသွားဖို့ကားဂိတ် နေရာ မသိလို့ သူတို့ကားနဲ့ လိုက်ပို့လိုက် သေးတယ်”
လူလည်ကြီးလို့ ပြောပြီး အားလုံး ရယ်ကြရသေးသည်။
အဲနေ့ က ရွှေပြည်သာသူငယ်ချင်း အိမ်ကို ရောက်ခဲ့သလို သူငယ်ချင်း အိမ်က ကျွေးသည်များကို လဲ အားရပါးရ စားခဲ့ပြီး ပျော်ပျော်ပါးပါး အိမ်ပြန် ခဲ့ကြလေသတည်း..................
ဟေ့ ….....မျဉ်းကျားနော် မျဉ်းကျားနော်..........
ဟားဟားဟား..........ဟားဟား.....ဟားဟား
Comments
Post a Comment