အမှတ်မထင် တွေ့ခဲ့ဖူးသော ကမ္ဘာ
ကွန်ပျူတာအခြေခံသင်တန်း တတ်ပြီးခါစ ကပေါ့
သူငယ်ချင်း မွေးနေ့ကို ရောက်တော့ သူ့မွေးနေ့မှာ ရေးချင်တာလေးတွေ ကွန်ပျူတာနဲ့ စာစီပြီး print ထုတ်ပေးချင်တယ် (တတ်သလောက် မှတ်သလောက်လေးနဲ့ သူငယ်ချင်းကို ပျော်စေချင်လို့)
ဒီလိုနဲ့ Victoria ကုန်တိုက်မှာ ဖွင့်ထားတဲ့ Interent သုံးတဲ့ဆိုင်သို့ မယောင်မလည် ရောက်လာတယ်
တစ်နာရီကို ဘယ်လောက်၊ ပြီးတော့ စာရွက်ထုတ်ရင် ဘယ်လောက်၊ ကာလာနဲ့ ဆိုဘယ်လောက်
ကောင်တာက ကောင်မလေးက ပြောတော့ ……
ကာလာနဲ့ print ထုတ်မယ်
စက်နံပါတ် ဘယ်လောက်မှာ သုံးလိုရပြီးဆိုတော့ စသုံးတယ်……..
Internet ဆိုတာ ဘာရယ်လို သေချာ မသိသေးဘူး………
သူငယ်ချင်းမွေးနေ့အတွက် စာရိုက်တယ် ကာလာတွေနဲ့ အလှဆင်တယ်………
အချိန်က ပိုနေသေးတယ် ……..
အဲ့ဒါနဲ့ တွေ့ကရာတွေ လိုက်နှိတ်တယ်………
သီချင်းဖွင့်တယ် နားထောင်တယ် (တစ်ခါတလေမှာ တစ်ယောက်တည်းနဲ့ တနေ့ကုန် စုန်ချည်း ဆန်ချည်း လှုပ်ရှားနေ……………………သီချင်းကလဲ အဲ့ဒါတစ်ပုဒ်တည်းထပ်ခါထပ်ခါ )
ဒါပေမဲ့ နားထောင်ကောင်းတယ် မပိတ်ဘူး ဆက်နားထောင်တယ်……
ဒီလိုနဲ့ ဘယ်တစ်ခုကို နှိတ်လိုက်တယ်မသိဘူး ကမ္ဘာလုံးကြီး လည်ပြီးထွက်လာတယ်……. ဟာမိုက်တယ် …
ရှာလို့ရတဲ့ နေရာတွေ့တော့ ဘယ်ရမလဲ Myanmar ဆိုပြီးရိုက်ထည့်လိုက်တယ် ……
ခဏလေးနေတော့ ကမ္ဘာလုံးကြီး လည်ပြီး Myanmar နိုင်ငံကြီးဆီကိုရောက်သွားပါတယ် ……..
ဟာ……….
ရွေ့သွားပုံလေး လှလိုက်တာ……… (တော်တော်ကြီးသဘောကျသွားတယ်)
စင်္ကြာဝဠာထဲ ရောက်သွားသလိုပဲ
ဟိုဘက်ရွေ့ကြည့် ဒီဘက်ရွေ့ကြည့် (မျက်နှာကြီးဖြီးပြီးတော့ )
တစ်နာရီပြည့်တော့ သူငယ်ချင်းကိုစောင့်ဖို့ အောက်ကိုဆင်းလာလိုက်တယ်……..
ထိုနေ့က တွေ့လိုက်ရတဲ့ ကမ္ဘာကို ကြီးကို သဘောကျလွန်းလို့ အိမ်ရောက်တော့ ကြွားတာပေါ့ (သမီးကတော့ဖြင့် internet မှာ ကမ္ဘာကြီးကို ဘယ်လို တွေ့ခဲ့ မြင်ခဲ့ရတာဆိုပြီး)
နောက်နေ့ ဒုတိယအကြိမ် ထပ်သွားပါတယ်…….
သို့သော် ကမ္ဘာကြီးကို မတွေ့ရပဲ အဆင်မပြေပဲ ပြန်လာခဲ့တယ် စိတ်ညစ်သွားတာပေါ့ (ဘာမှ ကြိုးစားအားထုတ်မှုကို မလုပ်ရသေးပဲ စိတ်ညစ်တတ်တာ က ကိုယ်ပိုင်ထူးခြားချက်ပါ :-P )
………..
ကြာပြီ
တော်တော်ကလေး ကြာမှ အဲဒီနေ့က နှိတ်ချင်တာ ရမ်းနှိတ်မိရာက တွေ့ခဲ့ရသော ကမ္ဘာကြီးမှာ Google Earth သာဖြစ်ပါသည်။
(4.3.2017)
Comments
Post a Comment